Privacy Policy

ကိုယ်ရေးအချက်အလက် မူဝါဒ

နောက်ဆုံး ပြင်ဆင်သည့် ရက်စွဲ — ၁ ဇွန် ၂၀၂၆

မိတ်ဆက်

Shwe Myanmar Foundation သည် သင်၏ ကိုယ်ရေးအချက်အလက်များကို လေးစားပြီး ကာကွယ်ထိန်းသိမ်းပါသည်။ ဤ မူဝါဒ စာမျက်နှာသည် ကျွန်ုပ်တို့ ဝဘ်ဆိုဒ်တွင် အချက်အလက်များကို မည်ကဲ့သို့ စုဆောင်း၊ အသုံးပြု၊ သိမ်းဆည်း၊ နှင့် ဖော်ပြသည်ကို ရှင်းလင်းပြောဆိုထားသည်။

ဤ ဝဘ်ဆိုဒ်ကို အသုံးပြုခြင်းဖြင့် ဤ မူဝါဒပါ အချက်များကို သဘောတူသည်ဟု မှတ်ယူပါသည်။

ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်များ

ဖောင်ဒေးရှင်းသည် ပလက်ဖောင်း အသုံးပြုသူများထံမှ အောက်ပါ အချက်အလက်များကို စုဆောင်းနိုင်သည်—

  • လှူဒါန်းသူ၏ နာမည်နှင့် ဖုန်းနံပါတ်
  • လှူဒါန်းငွေ ပမာဏ၊ ရက်စွဲ
  • အကူအညီ တောင်းဆိုသူ (Help Requester) ၏ နာမည်၊ ဖုန်းနံပါတ်၊ Case အသေးစိတ် အချက်အလက်
  • ကူညီလိုသူ (Helper) ၏ နာမည်၊ ဖုန်းနံပါတ်၊ ကူညီနိုင်မည့် အကြောင်းအရာ
  • Upload လုပ်သော ဓာတ်ပုံ သို့မဟုတ် အထောက်အထား ပုံဖိုင်များ
  • ဖောင်ဒေးရှင်းနှင့် ဆက်သွယ်ရေး အချက်အလက်များ (WhatsApp / ဖုန်းနံပါတ်)

အချက်အလက်များကို မည်သို့ အသုံးပြုသနည်း

  • လှူဒါန်းမှုများကို မှတ်တမ်းတင်ပြီး ပွင့်လင်းမြင်သာစွာ စီမံချုပ်ကိုင်ရန်
  • အကူအညီ တောင်းဆိုမှုများနှင့် ကူညီမှု တောင်းဆိုမှုများကို စစ်ဆေးဆောင်ရွက်ရန်
  • ငွေးကြေးအကူအညီ နှင့် အရေးပေါ်အကူအညီ များ စီမံဆောင်ရွက်ရန်
  • လိုအပ်သည့်အခါ လှူဒါန်းသူ၊ တောင်းဆိုသူ သို့မဟုတ် ကူညီသူနှင့် ဆက်သွယ်ရန်
  • ငွေကြေးနှင့် Case အချက်အလက်များကို လုံခြုံစိတ်ချစွာ ပွင့်လင်းမြင်သာ ဖော်ပြရန်
  • မမှန်မကန်သော ကိစ္စများ နှင့် အလွဲသုံးစားမှုများ ကာကွယ်တားဆီးရန်
  • မှတ်တမ်းများ တိကျမှန်ကန်စွာ ထိန်းသိမ်းရန်

အများပြည်သူ ဆိုက်တွင် ဖော်ပြသည့် အချက်အလက်

ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက် ကာကွယ်မှုကို ဦးစားပေးပြီး အောက်ပါ မူများကို လိုက်နာသည်—

  • ဖုန်းနံပါတ် အပြည့်အစုံကို အများပြည်သူ ဆိုက်တွင် ဖော်မပြပါ။ ဖုန်းနံပါတ်ကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားသော ပုံစံဖြင့်သာ ပြသည် (ဥပမာ — 09××××1234)။
  • "Anonymous Donor" ဖြင့် ဖော်ပြရန် ရွေးချယ်ထားသော လှူဒါန်းမှုများ၌ လှူဒါန်းသူ နာမည်နှင့် ဖုန်းနံပါတ်ကို အများပြည်သူသို့ လုံးဝ ဖော်မပြပါ။ လှူဒါန်းငွေ ပမာဏနှင့် ရက်စွဲကိုသာ ပွင့်လင်းမြင်သာ ဖော်ပြသည်။
  • Case အချက်အလက်များကို admin မှ စစ်ဆေးပြီး ခွင့်ပြုမှသာ အများပြည်သူ ဆိုက်တွင် ဖော်ပြသည်။
  • တည်နေရာ အသေးစိတ်ကို admin မှ Public Location ဖွင့်ထားမှသာ ဖော်ပြသည်။ ပိတ်ထားပါက တည်နေရာ အချက်အလက်ကို လုံးဝ ဖော်မပြပါ
  • ကူညီသူ (Helper) ၏ အထောက်အထားပုံများကို admin ခွင့်ပြုမှသာ၊ Helper ၏ Status ကလည်း သတ်မှတ်ချက် (Approved / Completed) ဖြည့်ဆည်းမှသာ အများမြင်ရသည်။ Default အနေနှင့် ကာကွယ်ထားသည်။

အများပြည်သူသို့ မဖော်ပြသော အချက်အလက်များ

အောက်ပါ အချက်အလက်များကို admin မှသာ ကြည့်ရှုနိုင်ပြီး အများပြည်သူ ဆိုက်တွင် လုံးဝ ဖော်မပြပါ

  • ဖုန်းနံပါတ် အပြည့်အစုံ (admin မှသာ မြင်ရသည်)
  • ပုဂ္ဂိုလ်ရေးဆိုင်ရာ ငွေပေးချေမှု ကိုးကားချက်များ (Payment References)
  • ဖျက်ထားသော၊ ငြင်းပယ်ထားသော သို့မဟုတ် အများပြည်သူ မဖော်ပြသော မှတ်တမ်းများ
  • Pending / Rejected ဖြစ်နေသော Helper Offer မီဒီယာ ဖိုင်များ

Upload လုပ်သော ဖိုင်များနှင့် ဓာတ်ပုံများ

  • Upload လုပ်သော ဓာတ်ပုံနှင့် အထောက်အထား ဖိုင်များကို admin မှ စစ်ဆေးကြည့်ရှုနိုင်သည်။
  • ဓာတ်ပုံများကို ဝဘ်ဆိုဒ်တွင် ဖော်ပြမဖော်ပြသည် admin ၏ ဆုံးဖြတ်မှု့ ပေါ်တွင် မူတည်သည်။
  • ကိုယ်ရေးဆိုင်ရာ ဖိုင်များကို မလိုအပ်ဘဲ အများပြည်သူနှင့် မျှဝေမည် မဟုတ်ပါ။

ဒေတာ ပြင်ဆင် / ဖျက်သိမ်း တောင်းဆိုမှု

ကိုယ်ရေးအချက်အလက် ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်းပေးရန် တောင်းဆိုလိုပါက ဖောင်ဒေးရှင်းနှင့် WhatsApp သို့မဟုတ် ဖုန်းမှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်ပါ။

သင့်တောင်းဆိုချက်ကို admin မှ ကိုင်တွယ်ဆောင်ရွက်ပေးပါမည်။ ဆက်သွယ်ရန် အချက်အလက်ကို ဤ စာမျက်နှာ အောက်ပိုင်းတွင် ကြည့်ပါ။

ဆက်သွယ်ရန်

ကိုယ်ရေးအချက်အလက် ဆိုင်ရာ မေးမြန်းချက်များအတွက် Shwe Myanmar Foundation ၏ admin နှင့် တိုက်ရိုက် ဆက်သွယ်ပေးပါ။

မူဝါဒ ပြောင်းလဲမှုများ

Shwe Myanmar Foundation သည် ဤ ကိုယ်ရေးအချက်အလက် မူဝါဒကို လိုအပ်သလို ပြင်ဆင်နိုင်သည်။ ပြောင်းလဲမှု ဖြစ်ပါက ဤ စာမျက်နှာတွင် ရက်စွဲ မွမ်းမံ၍ ဖော်ပြပေးပါမည်။ ဝဘ်ဆိုဒ်ကို ဆက်လက် အသုံးပြုခြင်းသည် ပြောင်းလဲထားသော မူဝါဒကို သဘောတူခြင်း ဟု မှတ်ယူပါသည်။

နောက်ဆုံး ပြင်ဆင်သည့် ရက်စွဲ — ၁ ဇွန် ၂၀၂၆